ကိုထူး ဘလော့ကိုလာရောက်လည်ပတ်သွားကြသောသူငယ်ချင်းများအားလုံးကိုရင်ထဲမှလှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်


Showing posts with label Computer. Show all posts
Showing posts with label Computer. Show all posts

Monday, March 10, 2014

iPhone ထဲ သီချင်း ဓာတ်ပုံ ဗွီဒီယိုဖိုင်တွေ အလွယ်တကူ ထည့်နည်း

iPhone ထဲ သီချင်း ဓာတ်ပုံ ဗွီဒီယိုဖိုင်တွေ အလွယ်တကူ ထည့်နည်း

သီချင်း ဓာတ်ပုံ ဗွီဒီယို ဖိုင်တွေကို iPhoneထဲကို အလွယ်တကူ ထည့်နည်လေးပါ။ မသိသေးသူများကို အထူးရည်ရွယ်ပါတယ်။ ဒေါင်းလွတ်လုပ်ရတာလည်း ဖိုင်ဆိုက်က အရမ်းသေးလို့ ကိုယ့်ရဲ့ စက်မှာလည်း ဖိုင်ကြီးကြီးများများ တိုးမသွားပါဘူး။ အောက်က ပုံတွေကို ကြည့်ရင် သုံးရတာ လွယ်ကူတယ်ဆိုတာ သိသွားပါလိမ့်မယ်။

Sunday, March 9, 2014

Free Apple ID ကို Computer iTune မှကောင့်ဖွင့်နည်း

Free Apple ID ကို Computer iTune မှအကောင့်ဖွင့်နည်း

ကဲApple ID လုပ်မရပါဘူး အော်နေသူများ ကိုထူး နဲ့တူတူ Apple Free ID ကို PCရဲ့ iTune ကနေလုပ်ရအောင်။
၁။ကွန်ပြူတာကနေ iTune ကိုဖွင့်ပြီး iTune Storeထဲ
ဝင်ပါ။
၂။free ရနိုင်မဲ့Applicationလေး ထဲဝင်ပြီးဒေါင်းပါမယ်။
ပုံတွေအတိုင်းတဆင့်ချင်းစီလုပ်ကြတာပေါ့။

Websit, Blog များကို APK လုပ်နည်း

Websit, Blog များကို APK လုပ်နည်း

  • ကျနော် ဒီပို့စ်မှာ Android Application နှင့်ပတ်သက်ပြီး မည်သည့် Coding တွေကိုမှ မသုံးဘဲ၊ သုံးရန်မလိုအပ်သော Application ရေးသားပုံ၊ ရေးသားနည်းကို တင်ပြပေးသွားမှာပါ။ အခုတင်ပြပေးမယ့် နည်းစနစ်ကတော့ Online/ Offline ဖတ်ရှုလို့ ရပါတယ်။
  • ဒီနည်းစနစ်လိုပဲ အခြားသော Android Application ရေးသားနိုင်တဲ့ Link များစွာလည်းရှိပါသေးတယ်။ ကျနော် အခါ အားလျော်စွာ Facebook Wall မှာ Share ပေးလေ့ရှိပါတယ်။ အခု တင်ပြတဲ့ နည်းစနစ်ကတော့ အလွန်ကို လွယ်ကူရိုးစင်းပြီး ဖန်တီးရတာ ပျော်စရာလည်း ကောင်းလို့ တင်ပြပေးလိုက်တာပါ။
  • တစ်ခုတော့ နားလည်ပေးချင်တာက ဒီပို့စ်က Pro တွေအတွက် ရည်ရွယ်ရေးသားတင်ပြပေးခြင်းမဟုတ်ပါ။ အပျော်တမ်း Android apk များ ဖန်တီးချင်သူ Beginner များအတွက်သာ ရည်ရွယ်ပါတယ် ခင်ဗျာ။ :-) :-) :-)

iTunes မှ iPhone, iPad & iPod Touch အား Upgrade / Restore ပြုလုပ်နည်း

ဒီမှာ သွားဖတ်လိုက်ပါခင်ဗျ

Saturday, March 1, 2014

ထိုင်းနိုင်ငံမှ Apple ID ဖွင့်နည်း

ထိုင်းနိုင်ငံမှ Apple ID ဖွင့်နည်း

            ထိုင်းကနေပြီး Apple ID ကို ကိုယ်တိုင်ဖွင့်ခြင်တဲ့ သူငယ်ချင်းတွေ အတွက် နည်းလမ်းလေးပါ။
Apple ID ဖွင့်ဖို့ အတွက် မသုံးရသေးတဲ့ Gmail အကောင့်အသစ်ရှိရပါမယ်။ ကွန်ပျူတာမှာ itunes ရှိရပါမယ်။itunes ရှိပြီဆိုရင် itunes ကိုဖွင့်လိုက်ပါ။ဖွင့်ပြီးရင် itunes အပေါ်ဘက်မှာ
Sing In ဝင်ဖို့ နေရာကိုနိပ်ပါ



Sing In ဝင်ဖို့ အကွက်ပေါ်လာပြီဆိုရင် အောက်က ပုံအတိုင်း Create Apple ID ကိုနိပ်ပါ

Monday, February 24, 2014

အကောင်းဆုံး USB Stick Format ချနည်း

အကောင်းဆုံး USB Stick Format ချနည်း

ကျွန်တော်တော့ ဒီနည်းလေးကိုအကောင်းဆုံးလို့ထင်ပါတယ်။
တောင်းထားတဲ့ အစ်ကိုတစ်ယောက်လည်းရှိ
တာနဲ့အားလုံးအဆင်ပြေအောင်တင်ပေးလိုက်ပါတယ်။
တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။ထုတ်လို့ မရတော့တာမျိုး … Virus သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် ........ ။
အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။
အောက်ကနည်းလေးကတော့ ….USB driver ကို NTFS နဲ့ Format ချနည်းလေးပါ .. .။

၁။ ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင် My Computer ကို Right Click နှိပ်ပြီး Manage ကို သွားလိုက်ပါ … ။

၂။ အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။
အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ပါ. .ရောက်ရင် ညဘက်မှာ.. Device Drive ဆိုတာလေး တွေ့ပါမယ် …။အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့ပါလိမ့်မယ် .. ။

၃။ တွေ့ပြီဆိုရင် USB Drive ကို RightClick ထောက် Propereties ကို သွား .. ။ ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် ..
“Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။ အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။

၎။ ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။

၅။ အားလုံးပြီးရင် OK ပေါ့ ...။
ပြီးရင် My Computer ကို သွား USB Drive ပေါ် Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်.. NTFS format option ကို တွေ့လိမ့်မယ် … ။

ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ပြီးသွားပါပြီ .. ။
အားလုံးအဆင်ပြေကြပါစေ။

credit@bolgtraveller
IT CARE Computer Systems
အကောင်းဆုံး USB Stick Format ချနည်း

ကျွန်တော်တော့ ဒီနည်းလေးကိုအကောင်းဆုံးလို့ထင်ပါတယ်။
တောင်းထားတဲ့ အစ်ကိုတစ်ယောက်လည်းရှိ
တာနဲ့အားလုံးအဆင်ပြေအောင်တင်ပေးလိုက်ပါတယ်။
တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့်

Computer Password မေ့လို့ ဖွင့်လို့မရခဲ့လျှင် ပြန်ဖွင့်နည်း

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင် (အားလုံးသိခွင့်ရအောင် ရှယ်ပေးပါ)
===============================================

ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၄ ခုနှစ်

ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။

◘◘နည်းလမ်း(၁)◘◘

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။

အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။

User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီComputer  Password မေ့လို့ ဖွင့်လို့မရခဲ့လျှင်
===============================================
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပြူ တာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။

သင့် Facebook ကိုယူသုံးသွားတယ်လို့ထင်ရတာကို ဘယ်လို Trace လိုက်မလည်း

          ကျွန်တော်တို့ သင့်ရဲ့ Facebook account ကို တစ်ခြား
တစ်ယောက်က ၀င်သုံးသွားတယ်လို့ သံသယ ရှိနေတယ်ဆိုရင်
ဘယ်လို Trace လိုက်မလည်း။ပြီးတော့ အဲဒီလူရဲ့ တည်နေရာကို
ဘယ်လိုခြေရာခံပြီးတော့ ဘယ်လို သင့်အကောင့်ထဲကနေ လှမ်းပြီး
Sign Out လုပ်မလည်းဆိုတာကိုပြောပါ့မယ်။
ကဲ စမယ်။
အရင်ဆုံး သင့် Facebook Account ကိုဖွင့်လိုက်ပါ။
ပြီးသွာ့းရင် Setting ထဲက Account Setting ထဲကိုဝင်လိုက်ပါ.


Saturday, February 8, 2014

ကြက်ဥပုံစံ နှင့် အသဲပုံစံ social widgets လေးပါ


 

အောင်မြင်ရင်တော့ Comment လက်ဆောင်ထားခဲ့ပေါ့နော်
►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
►2.  Template  ကိုသွားပါ
►3. Edit HTML နှိပ်ပြီး ဖွင့်လိုက်ပါ.... ►4. CTRL+F   ကိုနှိတ် ပါ အောက်က ဘားလေးတတ်လာမယ်

Computer Viberမှာ မြန်မာစာ မြင်ရ ရေးရအောင်လုပ်နည်းနှင့် Computer အတွက် 

Viber ဆော့ဝဲပါ သူငယ်ချင်းတယောက်ကတောင်းထားလို့တင်ပေးလိုက်ပါတယ်





ကွန်ပျုတာမှာ Viber မထည့်ရသေးရင်ယူထည့်ပါ ဒီဟာကို သုံးမယ်ဆိုရင် ထည့်
ဒီဟာသုံးမယ်ဆို ဖုန်းမှာလည်း Viber ရှိမှ သုံးလို့ ရပါတယ် မြန်မာစာမြင်ဖို့ ဆိုရင်
ဒေါင်းလုပ်ယူထားတဲ့ဖောင့်ကို နှစ်ချက်နှိပ် အင်စတောလုပ် ပီးရင် Restart

CCleaner Version 4.07.4369 for computer



CCleaner ကို ကွန်ပျူတာသုံးစွဲသူတိုင်း သိလောက်တယ်ဆိုတော့ သူ့အကြောင်းကတော့ သိပ်ပြောစရာလိုတော့မယ်မထင်ပါဘူး။