ကိုထူး ဘလော့ကိုလာရောက်လည်ပတ်သွားကြသောသူငယ်ချင်းများအားလုံးကိုရင်ထဲမှလှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်


Showing posts with label Hacker တယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ. Show all posts
Showing posts with label Hacker တယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ. Show all posts

Tuesday, April 15, 2014

Hacker တယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ၊ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတခု

မိမိကွန်ပျူ တာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတခုကို အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

ကွန်ပျူ တာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူ တာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲ ဖြစ်ဖြစ် ၀င်ရောက်နေပြီဆိုရင် စက်ဟာ နှေးကွေး လာပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူ တာကနေ မိမိရောက်လိုတဲ့ ကွန်ပျူ တာ (သို့မဟုတ်) ဆာဗာတွေ ဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။
ဒီလိုဝင်ထွက်နိုင်ဖို့ ၀င်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။