Tuesday, April 15, 2014
သူငယ်ချင်းတို့ရဲ့ Computer ထဲက Data များ ကူးယူခြင်းမှ ကာကွယ်ရန်
သူငယ်ချင်းတို့ ရဲ့ စက်က အရေးကြီးတဲ့ data ဖြစ်ဖြစ် အရေးမကြီးလို့ ပဲဖြစ်ဖြစ် ကိုယ်က မပေးပဲနဲ့ တစ်ခြားသူ ကူးယူခြင်းမလုပ်နိုင်အောင် ကာကွယ်လို့ ရပါတယ်ဗျာ။စိတ်ပါသူများအတွက် အောက်က နည်းလေးအတိုင်းစမ်းသပ်နိုင်ပါတယ်။
:P ၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။
၂။ Registry Editor ပေါ်လာတဲ့အခါမှာHKey_Local_Machine\System\Current_Control_Set\Control ကို သွားပါ။
၃။Control ကိုရောက်ပီဆိုတာနဲ့  right side မှာ right click ထောက်ပြီး keyကိုခေါ်လိုက်ပါ။ ဒါဆို left side မှာ New folder အသစ်တစ်ခုကိုတွေ့ ရပါလိမ့်မယ် အဲဒီnew folder ကို မိမိတို့ က "StorageDevicePolicies " လို့ နာမည်ပေးလိုက်ပါမယ်။
၎။ ညာဘက် Task Pane ထဲမှာ DWORD ကို Create လုပ်ပါ။ အဲဒီမှာ WriteProtectလို့ရိုက်ပြီး နာမည်ပေးပါ။
၅။အဲဒီလိုနာမည်ပေးပြီးရင် ပေါ်လာတဲ့ WriteProtect ဆိုတဲ့ ဖိုင်ပေါ်မှာ Double Clickလုပ်ပါ။ Value Data အတွက် 0 အစား 1 လို့ ရိုက်ပေးပါ။
၆။အားလုံးပြီးသွာရင်တော့ ထုံးစံအတိုင်း စက်ကို restart ပေါ့ဗျာ.. တစ်ချို့ ပြင်ဆင်မူ့ တွေကတော့ restart မလုပ်လည်း effect ဖြစ်ပါတယ်။ဒါပေမယ့်registry မှာပြင်ဆင်မူ့ တော်တော်များများကတော့ restart ပေးပီးမှ သက်ရောက်မူ့ ရှိတာများပါတယ်..။ ဒါဆိုရင် မိမိ Computer ထဲမှာရှိတဲ့ Data တွေကို အခြားသူက ကိုယ်မသိပဲနဲ့ ကူးယူခြင်းမှ ကာကွယ်သွာနိုင်ပါပြီ။
အဆင်ပြေပါစေဗျာ...........
Subscribe to:
Post Comments (Atom)
No comments:
Post a Comment