ကိုထူး ဘလော့ကိုလာရောက်လည်ပတ်သွားကြသောသူငယ်ချင်းများအားလုံးကိုရင်ထဲမှလှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်


Friday, May 2, 2014

ANTI –Android Network Toolkit ကိုသုံးပြီး DoS attacks နဲ့ အခြားသော attacks တွေကိုစစ်ကြည့်မယ်

ANTI –Android Network Toolkit


ANTI ဟာ network အတွင်းမှာ vuln တွေကို စစ်တဲ့ WiFi scanning tools တစ်ခုပါပဲ. Security Admins တွေ မရှိမဖြစ်tools တစ်ခုဖြစ်ပါတယ်။ DoS attacks နဲ့ အခြားသော attacks တွေကို စစ်လို့ရပါတယ်။ သူက paid version တစ်ခုဖြစ်ပါတယ်။ အသုံးပြု ဖူးသူတစ်ဦး ရဲ့ အတွေ့အကြုံကို တစ်ဆင့်ခံဖောက်သည်ချ ပါရစေ
 ။ Working with ANTI စပြီးအသုံးပြု မယ်ဆိုတာနဲ့ username နဲ့ password ထည့်ပြီး login ဝင်ရပါမယ်။ ဝင်ပြီးပြီးချင်းမှာ တွင် tool purchase option တွေ upgrade မြှင့်နိုင်တာတွေ pops up message တက်လာပါလိမ့်မယ်။ နောက် local network targets တွေကိုပြပါလိမ့်မယ်။ ဖုန်းနဲ့ Wifi ချိတ်လိုက်ပြီဆိုတာနဲ့ local network ကို automatically map လုပ်ပေးပါတယ်။ သူ့ကို unsecure နဲ့ Open network ကို ချိတ်လို့ရတယ်လို့ဆိုပါတယ်။ Subnet information တင်မက network အတွင်းမှာရှိတဲ့ host တွေကို icon တွေနဲ့ပြပေးပါတယ်။ ဥပမာ window 7 laptop ဆို window icon လေးနဲ့ပေါ့။ android ဆိုရင် Droid bot logo လေးနဲ့ ပြပါတယ်။ ဘာ os မှန်းဆိုတာ ချက်ချင်းသိနိုင်ပါတယ် detail သိပ်ဖတ်စရာမလိုဘူးဆိုတဲ့သဘောပေါ့။ အဲ့ဒီ screen ကနေပြီးတော့ additional networks ကို အလွယ်တကူထည့်လို့ရပါတယ်။ ပြီးတော့ screen အောက်က wifi logo ကနေ Wlans တွေရဲ့ proxy တွေကို လဲ သိနိုင်ပါတယ်။ ANTI က wireless network ကိုပါ Discover လုပ်နိုင်ပါသည်။ Local target secreen မှာ network အတွင်းမှာ ရှိတဲ့ Target တွေကိုတွေ့နိုင်ပြီး ANTIက Intrusive scan လုပ်ဖို့ တောင်းဆိုပါလိမ့်မယ်။ အဲ့ Scan အတွင်းမှာ open ports တွေနဲ့ Vuln တွေကို စစ်ပေးပါတယ်။ ဖြစ်နိုင်တဲ့ IP addresses ၂၅၆ ခု ကို ၁၁.၀၇ စက္ကန့်အတွင်းမှာစစ်နိုင်ပါတယ်. User တွေက password cracker တွေသုံးပြီး host တွေကို crack လုပ်နေတာကိုလဲတွေ့နိုင်ပါတယ်။

 ANTI tools ဟာ Sever admin တွေနဲ့ Network adminတွေ အတွက်မရှိမဖြစ်tools တစ်ခုပါ။

လိုချင်တယ်ဆိုအောက်ကလင့်မှာဒေါင်းနော်..............

ANTI –Android Network Toolkit ကို ဒီမှာဒေါင်းပါ

 အဆင်ပြေပါစေနော်.....................

No comments:

Post a Comment