ကိုထူး ဘလော့ကိုလာရောက်လည်ပတ်သွားကြသောသူငယ်ချင်းများအားလုံးကိုရင်ထဲမှလှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်


Thursday, May 1, 2014

Flash a Custom ROM ( Rom အင်စတောလုပ်နည်း )

Flash a Custom ROM ( Rom အင်စတောလုပ်နည်း )

 
 
 Rom Install လုပ်နည်းမေးထားကြသူတွေအတွက်အောက်မှာအဆင့်ဆင့်ရှင်းပြထားပါတယ်။

1- အရင်ဦးဆုံးမိမိဖုန်းနဲ့သက်ဆိုင်ရာ Rom ကိုဒေါင်းပြီးရင်ရလာတဲ့  ROM’s .zip file ကို computer မှာ
save လုပ်ထားပါ။

2- Phone USB cable ကြိုးကိုကွန်ပြူ တာမှာချိတ်ဆက်ပြီး SD card ထဲထည့်လိုက်ပါ။

3- ROM’s .zip file ကို sd card ရဲ့လွတ်တဲ့နေရာမှာထားပါ။မည်သည့်ဖိုင်ထဲကိုမျှမထည့်ပါနဲ့။ပြီးတော့
extract လုပ်တာတို့ဘာတို့မလုပ်နဲ့။

4- Phone ကို computer ကနေဖြုတ်လိုက်ပါ။

5- ပြီးရင် ROM Manager ကိုဖွင့်လိုက်ပါ။(မိမိစက်ထဲမှာ ROM Manager Apk ကိုတော့ရှိထားရပါမယ်)
Reboot Recovery ဆိုတာကို click လိုက်ပါ။

6- Custom recovery image ထဲရောက်လို့ backup လုပ်တာပြီးစီးသွားရင် Wipe Data / Factory Reset
ဆိုတာကို  click ပါ။

7- Wipe ပြီးစီးသွားပြီဆိုရင် flash .zip from sd card ကိုနှိပ်ပြီး sd card ထဲကထည့်ထားတဲ့ ROM ကို
ခေါ်ပေးလိုက်ပါ။

8- အားလုံးပြီးစီးသွားပြီဆိုရင်တော့ reboot system now ဆိုတာကိုနှိပ်ပြီးရင်တော့ဖုန်းပြန်ပွင့်လာရင်
သူငယ်ချင်းတို့ရဲ့ Rom လဲခြင်းအောင်မြင်စွာပြီးဆုံးသွားပါပြီ။

မှတ်ချက်။
(Rom / Root /Firmware)စသည်တို့ပြုလုပ်ခြင်းသည် ၊ ပြုလုပ်သူရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပါသော
ကြောင့်တစ်စုံတစ်ခုအမှားအယွင်းဖြစ်ပေါ်လာပါက ပိုစ့်ရေးသားသူမှတာဝန်ယူမည်မဟုတ်ပါ။

No comments:

Post a Comment