ကိုထူး ဘလော့ကိုလာရောက်လည်ပတ်သွားကြသောသူငယ်ချင်းများအားလုံးကိုရင်ထဲမှလှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်


Thursday, May 22, 2014

Roamer -link your number a foreign SIM for iPhone


သူငယ်ချင်းတို့ရေ မိမိတို့နေတဲ့နိုင်ငံကနေ တခြားနိုင်ငံကိုသွားတဲ့အခါ အဲဒီနိုင်ငံမှာသုံးတဲ့ SIM Card ကိုထည့်သုံးရပါတယ်။ ကိုယ့်နိုင်ငံကိုဖုန်းပြန်ခေါ်မယ်ဆိုရင်တောင် ဖုန်းကြေးက တော်တော်ဈေးကြီးနေတာတွေ့ရပါတယ်။ တစ်ချို့ SIM Card တွေကျတော့လည်း နိုင်ငံခြားကိုရောက်သွားတောင်မှ Roaming စနစ်ကြောင့် လက်ရှိ SIM card နဲ့ပဲနိင်ငံခြားမှာဖုန်းပြောရပါတယ် ၊ ကိုယ့်နိုင်ငံကိုဖုန်းပြန်ခေါ်တာတွေလုပ်နိုင်ပါသေးတယ်။ ဒါပေမယ့် ကိုယ့် SIM Card ကိုနိုင်ငံခြားမှာသုံးရင် ဖုန်းခေါ်ဆိုခ တအားဈေးကြီးပါတယ်။ အခုပြောချင်တာကတော့ iPhone (iOS) တွေအတွက် ဆော့ဝဲအဆန်းလေးတစ်ခုအကြောင်းပါ။ iOS အတွက်ထွက်ရှိထားတဲ့ဆော့ဝဲတွေထဲမှာ Roamer လို့ခေါ်တဲ့ဆော့ဝဲလေးကလည်း တော်တော်လေးဆန်းပါတယ်။ ဒီဆော့ဝဲလေးကိုသွင်းပြီး သူ့ထဲက instruction တွေအတိုင်းတစ်ဆင့်ချင်းလုပ်ထားပြီးရင် နိုင်ငံခြားကိုရောက်ရင် ၊ အဲဒီနိုင်ငံက SIM Card ကိုထည့်သုံးလည်း ကိုယ့်နိုင်ငံကိုဖုန်းခေါ်တဲ့အခါ ကိုယ့်နိုင်ငံမှာသုံးခဲ့တဲ့ SIM Card ၊ ကိုယ့်နိုင်ငံထဲမှာဖုန်းပြောနေတဲ့ဖုန်းပြောခအတိုင်းပဲဖြတ်ပါတယ်။ အသေးစိတ်ကိုတော့ ဆော့ဝဲကိုသွင်းပြီးမှ သေချာလေ့လာကြည့်စေချင်ပါတယ်။ 

Roamer- link your number to a foreign SIM for iPhone ကို ဒီမှာဝင်ရောက်ရယူပါ

ပန်းသီးချစ်သူများအဆင်ပြေပါစေနော်..............................

 

No comments:

Post a Comment