ကိုထူး ဘလော့ကိုလာရောက်လည်ပတ်သွားကြသောသူငယ်ချင်းများအားလုံးကိုရင်ထဲမှလှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်


Saturday, May 10, 2014

Samsung ဖုန်းတွေမှာ မြန်မာစာမှန်အောင်လုပ်နည်း




Samsung ဖုန်းတွေမှာ ခုနောက်ပိုင်းထွက်တဲ့ Version တွေမှာ Root ထားတဲ့ ဖုန်းတွေဖြစ်ဖြစ်
Root မလုပ်ထားတဲ့ ဖုန်းတွေဖြစ်ဖြစ် ”ျ ” ”ု  ” တွေကပ်နေတာမြင်တွေ့ရမှာပါ …
အလွယ်တကူဖြေရှင်းနည်းလေးကို စမ်းသပ်တွေ့ရှိခဲ့သဖြင့် ပြန်လည်မျှဝေလိုက်ပါတယ် …
ယခုနည်းလမ်းကို Root ရှိသည်ဖြစ်စေ … Root မရှိသည်ဖြစ်စေ အသုံးပြုလို့ရပါတယ် …

အသုံးပြုလျှင် Root ရှိတဲ့ ဖုန်းအတွက်ကတော့ ifont ရှိရင် အလုပ်ဖြစ်ပါတယ် …
Root မရှိတဲ့ဖုန်းတွေအတွက်ကြတော့ ifont နဲ့ zawgyi one flipfont  နှစ်ခုရှိရပါမယ် …

အရင်ဆုံး ဖုန်းရဲ့ Setting ထဲက Language & input မှာ Default Keyboard မှာ Samsung keyboard ပဲထားပါ …

ifont ကို install လုပ်ပါ … ပြီးလျှင် … ifont ထဲဝင်ပါ … ပြီးလျှင် Search box မှ Helvetica S ဟုရိုက်၍ရှာပါ …

တွေ့ရှိပါက install ပြုလုပ်ပါ … ပြီးလျှင် ဖုန်း Setting ထဲမှ Language & input မှ Default Keyboard မှာ
Bagan Keyboard ဖြစ်ဖြစ်

Frozen Keyboard ဖြစ်ဖြစ် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါသည်။

ပြီးလျှင် Reboot ချပါ … ပြန်တက်လာလျှင် စာများစမ်းသပ်ရိုက်ကြည့်နိုင်ပါပြီ …

Bagan Keyboard အသုံးပြုပါက ”ျ ” ”ု  ” သည် အရင်ကလို သိသိသာသာ ကပ်တော့မည်မဟုတ်ပါ။

Frozen Keyboard အသုံးပြုပါက ”ျ ” ”ု  ” သည် ကပ်တော့မည်မဟုတ်ပါ …

လိုအပ်တာများကိုအောက်မှာဒေါင်းယူလိုက်ပါ

 ဖောင့်ချိန်းဖို့ iFont ကို ဒီမှာဒေါင်းပါ

 Zawgyi-One Flipfont  ကို ဒီမှာဒေါင်းပါ


Frozen Keyboard ကို ဒီမှာဒေါင်းပါ

Bagan Keyboard ကို  ဒီမှာဒေါင်းပါ

သူငယ်ချင်းများအားလုံးအဆင်ပြေပါစေနော်.............................

No comments:

Post a Comment