ကိုထူး ဘလော့ကိုလာရောက်လည်ပတ်သွားကြသောသူငယ်ချင်းများအားလုံးကိုရင်ထဲမှလှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်


Sunday, July 13, 2014

Pro Myankey V2.0 Beta 5 For Android Smart Phone

Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွင် စာတွေရှေ့နောက်မကူးစေတဲ့ Pro Myankey V2.0 Beta 5 For Android

Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွေ စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန်ပီး စာရိုက်မြန်စေတဲ့ အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်။


MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ

တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။

( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့
  သူငယ်ချင်း Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။

သဘောက သူငယ်ချင်း Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲလ်မှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။
Pro Myankey  နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ်
" Install လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "

Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ
MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး
ဘေးက Setting ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။

လိုချင်တယ်ဆိုအောက်မှာဒေါင်းလိုက်ပါနော်..............






Pro Myankey V2.0 Beta 5 ကီးဘုတ်

အဆင်ပြေပါစေနော်.....................

No comments:

Post a Comment