ကိုထူး ဘလော့ကိုလာရောက်လည်ပတ်သွားကြသောသူငယ်ချင်းများအားလုံးကိုရင်ထဲမှလှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်


Friday, May 2, 2014

Install Backtrack 5 from USB Drive

Install Backtrack 5 from USB Drive



သူငယ်ချင်းတစ်ယောက်ကမေးထားလို့တင်ပေးလိုက်တာပါ........။လွယ်လွယ်လေးပဲမြန်မြန်ပြောပြပေး
လိုက်ပါတယ်........။ပြောရရင်ခုတစ်လော ကျွန်တော်အလုပ်တွေမအားလို့လွယ်လွယ်လေးပဲရေး ပေး
လိုက်တာပါ.....အဆင်ပြေမယ်လို့လဲထင်ပါတယ်....။

အောက်မှာလိုအပ်ချက်တွေကိုဒေါင်းလိုက်ပါ......။



  1. Backtrack .iso file(Download)
  2. Unetbootin.(Download)
  3. HP USB Disk Storage Format Tool.(Download)
  4. USB (at Least 4GB)

အရင်ဆုံးပြောရမယ်ဆိုရင် iso ဖိုင်ဆိုတာ ဖိုင်အများကြီးကို တစ်ခုထဲဖြစ်သွားအောင် လုပ်ထားတာကို iso ဖိုင်လို့ ခေါ်တာပါ.....။စတစ်ထဲကနေ Backtrack တင်မယ်ဆိုရင် iso ဖိုင်နဲ့မှအဆင်ပြေပါလိမ့်မယ်.......။
အရင်ဆုံး စတစ်ကို HP USB Disk Storage Format Tool ကိုသုံးပြီးတော့ format အရင်ချလိုက်ပါ....။
ပြီးရင် Unetbootin ကို run လိုက်ပါ.....။ပြီးရင် အောက်ကပုံကိုကြည့်လိုက်ပါ.....။


Distribution ကိုကလစ် BackTrack ကိုရွေး ပြီးရင် 2nd မျှားပြထားတဲ့အတိုင်း  5R1-GNOME ကိုရွေး
ထားလိုက်.....။ပြီးရင်အောက်ကပုံလေးကိုပြန်ကြည့်လိုက်ဦး.........။


Diskimage ကို ကလစ်ပြီးရင် ISO ကိုရွေးလိုက် ပြီးရင် 2nd မျှားအတိုင်းပဲ USB Drive ကိုရွေး ပြီးရင် 3rd 
အတိုင်းပဲ သင့်USB Drive ကိုရွေး....(ဥပမာ F:\ ဆိုတာမျိုးပေါ့)........။ပြီးရင် 4th မျှားအတိုင်း browse ကို ကလစ်ပြီး တော့ ISO ဖိုင်ကိုရွေးတင်လိုက်ပါ......။ အားလုံးပြီးသွားရင် OK ကိုကလစ်လိုက်ပါ...။

Loading ပြီးအောင်ခဏစောင့်လိုက်ပါ.......။


ပြီးရင် reboot now ကိုနှိပ်လိုက်ပြီးပြန်တက်လာရင်တော့သူငယ်ချင်းတို့ရဲ့ USB ထဲကို Back Track Boot Loader အဆင်ပြေပြေရောက်နေပါပြီ။
အဆင်ပြေပါစေနော်.................

No comments:

Post a Comment