ကိုထူး ဘလော့ကိုလာရောက်လည်ပတ်သွားကြသောသူငယ်ချင်းများအားလုံးကိုရင်ထဲမှလှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်


Friday, May 2, 2014

VMware installation with backtrack 5 on Window 7

VMware installation with backtrack 5 on Window 7




အခု ကျွန်တော်တို့ Backtrack 5 ကို vmware player နဲ့ window 7 ပေါ်မှာတင်ပါမယ် vmware player / vmware workstation ဆိုပြီး၂မျိုးရှိပါတယ် သူက linux system မှာလိုပဲ wine နဲ့တူပါတယ် သူက OS တစ်ခုပေါ်မှာ တစ်ခြား OS တစ်ခုကို run ပေးနိုင်ပါတယ်….. သူကိုအရင်စက်ထဲ install လုပ်ရအောင်ပါ ………..အောက်ကလင့်မှာသွားပြီးဒေါင်းလိုက်ပါ…  https://www.vmware.com/  support and download ထဲမှာသွားပြီး register လုပ်ပြီး free download လုပ်လို့ရပါတယ်…သူ့ကိုတော့ စက်ထဲ install လုပ်နည်းမပြောတော့ပါဘူး ကွန်ကသိပ်မကောင်းလို့ပါ အဲ့လောက်တော့လုပ်တတ်မယ်ထင်ပါတယ် သွင်းပြီးသွားရင် Vmware player ကိုစပြီး run ပါမယ် စဖွင့်လိုက်ပါပုံမှာပြထားတဲ့အတိုင်းပေါ်လာပါမယ်….:P



Next ကိုနှိပ်လိုက်ပါ နောက်တစ်ပုံကိုကြည့်ပါ………..


Next ပဲနှိပ်လိုက်ပါ……..


ပြီးရင် Next ပဲနှိပ်လိုက်ပါ……..


Yes လိုက်ပါ နောက် OK ပေါ့…..နောက်တစ်ပုံကိုကြည့်ပါ……….


ကဲ ညာဖက်အပေါ်ဆုံးက Create New Virtual Machine ကိုနှိပ်ပါ အောက်ကပုံအတိုင်းကျလာပါလိမ့်မယ်……….:P


အဲ့မှာ ဘယ်နေရာကနေ guest operating system ကို install လုပ်မလဲမေးနေပါတယ် အဲ့တော့ ကျွန်တော်တို့ကခွေကနေမောင်းတင်မလား စက်ထဲက Iso ဖိုင်ကနေတစ်ဆင့်မောင်း တင်မလားရွေးရပါမယ် အဆင်ပြေတဲ့နေရာကနေရွေးပေးလိုက်ပေါ့နော် ကျွန်တော်ကတော့ CD:Drive ကနေမောင်းတင်ပါမယ်……..နောက်တစ်ပုံကိုကြည့်ပါ…………:P


အဲ့နောက် ကိုတင်မှာ system ကိုရွေးပေးရပါမယ်….အခုကျွန်တော်တို့က Linux system ကိုတင်မှာပါ Linux ကိုရွေးပေးပါနောက် အောက်မှာ Ubuntu ကိုရွေးပေးလိုက်ပါ ဘာလို့လဲ ဆိုတော့ Backtrack က Ubuntu Base ဖြစ်လို့ပါ…………အပေါ်ကပုံမှာပြထားပါတယ်အဲ့အတိုင်းရွေးပြီးရင် Next ကိုနှိပ်ပါ……………:P


နာမည်ပေးလိုက်ပါ အခု Backtrack ကိုတင်တာဆိုတော့ BT 5 R2 ပေါ့ အဲ့လိုပေးပြီး Next နှိပ်လိုက်ပါ………………..:P



နောက်သူ့ကိုဘယ်လောက် space ပေးမလဲပေါ့ ကိုယ်စက်ရဲ့space အနေအထားကိုလိုက်ပြီးပေးလိုက်ပါကျွန်တော်ကတော့ 20GB ပေးထားပါတယ်နောက် Split virtual disk into Multiple files ကိုရွေးပေးပြီး Next ကိုနှိပ်လိုက်ပါ………..:P


ကိုယ့်စက်ကဘယ်လောက် Hardware ကိုသုံးမလဲဆိုတာသူပြပါလိမ့်မယ် ကိုယ်ကပြင်ချင်တယ်ဆိုရင် Customize Hardware ကိုနှိပ်ပြီးစိတ်ကြိုက်ပြင်နိုင်ပါတယ် နောက် Finish ကိုနှိပ် ပါ………


သူဟာသူ install လုပ်ပြီးတက်လာပါလိမ့်မယ်…….ပုံမှာကြည့်ပါ…….





Enter နှိပ်လိုက်ပါ Defult username: က root ပါ password က toor ပါ နောက် startx လို့ command ပေးပြီးဝင်နိုင်ပါတယ်…………………….:P


အသုံးပြုပုံအားလုံးကတူတူပါပဲ အခုက window 7 ပေါ်မှာတင်ပြီးအသုံးပြုလို့ရပါတယ်စမ်းပြီးသုံးကြည့်ပါ ကိုယ့်ကိုစိတ်တိုင်းကျပြီဆိုမှာ Dual Boot နဲ့တင်ပြီးသုံးပါ အကြံပေးတာပါ အားလုံးက linux  ဆိုရင်ကြောက်ကြပါတယ် ဘာမှန်းလဲမသိဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ အခုလိုတင်ပြီးသုံးကြည့်လိုက်ပါ။

လိုအပ်တာတွေကိုအောက်မှာဒေါင်းသွားပါ..........................
  1. Backtrack .iso file(Download)
  2. Unetbootin.(Download)
  3. HP USB Disk Storage Format Tool.(Download)
  4. USB (at Least 4GB)အနည်းဆုံးတော့ USB Strick က 4GB နော်
 အဆင်ပြေပါစေကွာ.............................................


No comments:

Post a Comment